Loading...




CRD-welovecele

UNICODE

ဖခင်ရဲ့ နူးညံ့စွာ ထွေးပွေ့မှုတွေကြားမှာ ချစ်ဖို့ကောင်းလောက်အောင် ပြုံးပျော်ရွှင်နေတဲ့ လီယျံလေး
ဖေဖေ့ရဲ့ လက်ထဲမှာ ချစ်မဝအောင်ဖြစ်နေတဲ့ လီယျံလေးကတော့ ဖခင်ကို အပီအပြင်ချွဲနေခဲ့ပါတယ်။ ဖခင်နဲ့ ရက်ပေါင်း (၅၀) လောက်ခွဲခွာခဲ့ရတဲ့ လီယျံလေးက ယနေ့မှာ ဖခင်ကို ပြန်လည်တွေ့ဆုံခဲ့ရတာပါ။ သြစတြေးလျကနေမြန်မာပြည်ကို ခဏပြန်လာခဲ့တာဖြစ်ပြီး ယွန်းဝတီလွင်မိုးတို့ သားအမိနှစ်ယောက်လုံးလည်း ပျော်ရွှင်နေခဲ့ကြပါတယ်။

လီယျံလေးရဲ့ဖခင်ထက်ဦးလှိုင်ဟာယနေ့မှသြစတြေးလျကနေမြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာတာဖြစ်ပြီးတော့ပြန်ရောက်ရောက်ချင်းမှာပဲသားဖြစ်သူလီယျံလေးဆီရောက်လာခဲ့တာဖြစ်ပါတယ်။ရက်ပေါင်းများစွာခွဲခွာနေရတဲ့သားဖြစ်သူကိုလွမ်းဆွတ်သတိရမှုတွေနဲ့ ထွေးဖက်ထားတဲ့ လီယျံတို့သားအဖရဲ့ ဗီဒီယိုလေးဟာ ပီတိတွေအပြည့်နဲ့ပါပဲ။

ဖခင်ဖြစ်သူနဲ့ပြန်ဆုံရလို့ ပြုံးပျော်နေတဲ့ လီယျံလေးရဲ့ မျက်နှာလေးဟာ အင်မတန်မှ ချစ်ဖို့ကောင်းနေခဲ့ပါတယ်။ အသက် (၃)လသာရှိသေးပေမယ့်ဖခင်ဖြစ်သူကိုကြည့်နေတဲ့အကြည့်တွေကနားလည်မှုတွေအပြည့်ပါနေခဲ့ပါတယ်။မိခင်ဖြစ်သူယွန်းဝတီလွင်မိုးတစ်ယောက်လည်းမိသားစုစုံစုံညီညီဖြစ်နေတာမို့ပျော်ရွှင်နေတဲ့ပုံရိပ်လေးတွေကိုပရိသတ်ကြီးလည်းတွေ့မြင်နိုင်မှာပါနော်။