CRD-nanmalgyi
UNICODE
ရွှေထူးနဲ့ရွှေမှုံတို့ ချတော့မယ်ထင်တယ်လို့ပြောလိုက်တဲ့ ခြိမ့်ကေကို
မကြာသေးမီကပဲမြက်ခင်းတုဘောလုံးကွင်းကြီးထဲမှာရွှေထူးကရွှေမှုံကိုခမ်းနားကြီးကျယ်စွာရိုမန်းတစ်ဆန်စွာလက်ထပ်ခွင့်တောင်းလိုက်ပြီးတဲ့နောက်မှာရွှေစုံတွဲဟာလက်မှတ်ထိုးလက်ထပ်လိုက်ကြပါပြီ။လူသိရှင်ကြားလက်ထပ်ပွဲကြီးကိုတော့အင်းလျားလိတ်ဟိုတယ်မှာ11.11.2018မှာပြုလုပ်ကျင်းပသွားမှာဖြစ်ပါတယ်။ရွှေထူးကရွှေမှုံကိုသိပ်ချစ်တဲ့အလျောက်အရမ်းလည်းအလိုလိုက်ရပါတယ်။အလိုလိုက်ခံရတဲ့ရွှေမှုံကလည်းချစ်လို့ကိုခဏခဏဆိုးတတ်ကြောင်း ပရိသတ်တွေသိပြီးသားပါ။ ရွှေထူးနဲ့ရွှေမှုံက တစ်ခါတစ်လေ Live လွှင့်နေရင်းနဲ့ကိုရန်ဖြစ်တတ်ပါသေးတယ်။ ဒီတစ်ခါလည်းရွှေမှုံကLiveလွှင့်နေရင်းနဲ့ရွှေထူးကိုနွဲ့ဆိုးဆိုးနေတဲ့Videoလေးကိုခြိမ့်ကေကိုကပြန်တင်ထားတာဖြစ်ပါတယ်။
Liveထဲမှာရွှေထူးကကားမောင်းရင်းနဲ့ရွှေမှုံကိုလိုက်စနေတာဖြစ်ပြီးရွှေမှုံကစိတ်မကြည်လို့ဂျီနေတဲ့ပုံပါ။ရွှေထူးကသူဝယ်လာတဲ့နို့ဝေဖာကိုကိုင်ထားပြီးဝေဖာသည်တွေအော်တဲ့အသံနဲ့အော်နေသလိုရွှေမှုံကတော့ရွှေထူးကိုကားပေါ်ကတွန်းချလိုက်တော့မယ်လို့ပြောနေပါတယ်။နောက်ပြီးတော့ရွှေထူးကသက်ပြင်းချလိုက်တာကိုရွှေမှုံကဘာဖြစ်တာလဲလို့အတင်းလိုက်မေးနေခဲ့ပါတယ်။ရွှေထူးကစိတ်လျှော့ထားတဲ့အသံနဲ့ဘာမှမဖြစ်ပါဘူးဘာမှမဖြစ်ပါဘူးလို့ပြန်ဖြေတာတွေ့ရပါတယ်။ အဲဒါကိုပဲ ရွှေမှုံကဂျီကျပြီး“ဖုန်းလွှင့်ပစ်လိုက်တော့မယ်၊ဆန္ဒပြတဲ့အနေနဲ့နို့ဝေဖာမစားတော့ဘူး”ဆိုပြီး အသံသေးသေးလေးနဲ့ ဆက်တိုက်ရစ်နေပါတော့တယ်။
ဒါပေမယ့်ရွှေထူးကကိုယ်ချစ်တဲ့မိန်းကလေးကိုချော့ရမှာယောက်ျားလေးတွေရဲ့တာဝန်ပဲလို့သူပြောဖူးတဲ့အတိုင်းရွှေမှုံကို“ယောက်ျားကဘာလုပ်လို့လဲ။ယောက်ျားကဘာမှမလုပ်တာ”ဆိုပြီးချော့နေရှာပါတယ်။ရွှေမှုံက“ယောက်ျားကမိန်းမကိုအနိုင်ကျင့်တယ်လေ”လို့ဆက်ရစ်နေတာကိုလည်းရွှေထူးခမျာစိတ်ရှည်သည်းခံပြီးချော့ရင်းနို့ဝေဖာကျွေးနေခဲ့ပါတယ်။ရွှေထူးကကားမောင်းရင်းနဲ့သူ့မှာလည်းစိတ်နဲ့ပဲဖြစ်ကြောင်းရွှေမှုံကို“ယောက်ျားမှာလည်းစိတ်ရှိတယ်ဒါပေမယ့်ယောက်ျားစိတ်ကသေးတယ်။အကောင်သေးတယ်။အဲ့တော့မိန်းမစိတ်ကိုယောက်ျားမနိုင်ဘူးဒါပါပဲ”လို့သနားစဖွယ်တတ်သလောက်မှတ်သလောက်ရှင်းပြနေခဲ့ပါသေးတယ်။
လက်ထပ်ပွဲမလုပ်ရသေးပေမယ့် တစ်ယောက်နဲ့တစ်ယောက် ယောက်ျားရေ မိန်းမရေနဲ့ ခေါ်နေကြပြီး လက်ထပ်ခါနီးလေ ပိုချစ်လာလေဖြစ်နေပုံရတဲ့ ရွှေမှုံနဲ့ရွှေထူးတို့အတွဲလေးကိုကြည့်ရတာ တကယ်ကိုကြည်နူးစရာပါပဲ။ အဲဒီ Video လေးကို ခြိမ့်ကေကိုက သူ့ရဲ့ official page ကနေတင်ထားပြီး“ရန်ဖြစ်နေပြီချတော့မယ်ထင်တယ်”လို့ရေးထားပါသေးတယ်။ ကြည့်ရတာခြိမ့်ကေကိုကလည်းရွှေထူးနဲ့ရွှေမှုံတို့ကိုချစ်တဲ့ပရိသတ်တစ်ဦးဖြစ်တဲ့အတိုင်းရွှေမှုံနဲ့ရွှေထူးချကြမှာစိုးရိမ်ပုံပါပဲ။
ပရိသတ်ကြီးရောရွှေထူးနဲ့ရွှေမှုံချကြမှာစိုးရိမ်နေမိလား။သူတို့နှစ်ယောက်ကိုအမြဲချစ်ချစ်ခင်ခင်ပဲမြင်ချင်ပါတယ်ဆိုတဲ့ပရိသတ်တွေရှိလား။အချို့ပရိသတ်တွေပြောနေကြသလိုမျိုးရွှေထူးနဲ့ရွှေမှုံရဲ့မင်္ဂလာပွဲမှာခြိမ့်ကေကိုကိုခေါ်ပြီးသီချင်းဆိုခိုင်းသင့်တယ်လို့ရော ထင်ကြလား။