အသက္ (၂၃)ႏွစ္အရြယ္ Mauricio Ossola အမည္ရ အမ်ိဳးသားဟာ အသက္ (၉၁)ႏွစ္အရြယ္ မုဆုိးမႀကီး Yolanda Torres ကုိ လက္ထပ္ခဲ့သူ ျဖစ္ပါတယ္။ Torres ေသဆုံးသြားခ်ိန္မွာ ဥပေဒအရ ပင္စင္ထုတ္ယူခံစားခြင့္ကို ေလွ်ာက္ထားခဲ့ပါတယ္။ Ossola ကိုယ္တုိင္က ဥပေဒနားလည္တဲ့ ေရွ႕ေနတစ္ေယာက္ ျဖစ္ေပမယ့္ သက္ဆုိင္ရာက သူ႕ရဲ႕ ေလွ်ာက္လႊာကို ပယ္ခ်ခဲ့ပါတယ္။

သက္ဆုိင္ရာက သူတုိ႔ႏွစ္ေယာက္ရဲ႕ လက္ထပ္ျခင္းကို အစစ္အမွန္မဟုတ္ဘူးလုိ႔ ယုံၾကည္ခဲ့ၿပီး၊ အထူးသျဖင့္ ကာယကံရွင္ Ossola က ဒီလုိအဖြားအုိတစ္ေယာက္ကို လက္ထပ္ျခင္းဟာ ပင္စင္ခံစားခြင့္နဲ႔ သူမမွာ က်န္ရစ္ခဲ့မယ့္ အေမြပစၥည္းေတြကို လႊဲေျပာင္းရယူဖုိ႔ ႀကိဳးစားျခင္းသာျဖစ္တယ္လုိ႔ ယုံၾကည္လုိ႔ပါ။ ပင္စင္ဌာနက ဒီလုိ ယုံၾကည္တယ္ဆုိရင္လည္း ပင္စင္ကို လႊဲေျပာင္းလက္ခံမယ့္ ပုဂၢိဳလ္ကို ဥပေဒနဲ႔အညီ ျငင္းပယ္ခြင့္ ရွိေနျပန္ပါတယ္။

Ossola ကေတာ့ သူတုိ႔ႏွစ္ေယာက္ရဲ႕ လက္ထပ္ျခင္းဟာ အစစ္အမွန္သာ ျဖစ္ၿပီး၊ ျဖဴစင္ေသာ ခ်စ္ျခင္းေမတၱာေတြ ထုံးဖြဲ႕ေႏွာင္ရစ္ၿပီးမွ လက္ထပ္ဖုိ႔ ဆုံးျဖတ္ခဲ့ၾကတာ ျဖစ္ေၾကာင္း အခုိင္အမာေျပာဆုိေနေပမယ့္ ပင္စင္ဌာနက ဒီေျပာဆုိခ်က္ေတြကုိ ထည့္သြင္း စဥ္းစားျခင္းမျပဳေသးပါဘူး။ ဒါေၾကာင့္ Ossola က တရားစြဲခဲ့ပါတယ္။

ဒီအျဖစ္အပ်က္ဟာ အာဂ်င္တီးနားႏုိင္ငံ၊ Tres Cerritos ၿမိဳ႕မွာ ျဖစ္ခဲ့တာပါ။ ေသဆုံးသြားတဲ့ Torres ဟာ အၿငိမ္းစား ေက်ာင္းဆရာမႀကီးတစ္ေယာက္ ျဖစ္ၿပီး၊ ခင္ပြန္းသည္ Ossola နဲ႔ အသက္အားျဖင့္ 68 ႏွစ္ ကြာျခားပါတယ္။ အာဂ်င္တီးနား ပင္စင္ဥပေဒအရ ေသဆုံးသူရဲ႕ပင္စင္ကို ညီအစ္ကိုေမာင္ႏွမအရင္း၊ ၀မ္းကြဲ၊ တူ/တူမစတဲ့ (အိမ္ေထာင္ဘက္ သို႔မဟုတ္ သားသမီး စတဲ့ ဒုတိယတစ္ဆင့္ ဆက္ခံသူမရွိပါက) ေဆြမ်ိဳးသားခ်င္းေတြကို ခံစားခြင့္ေပးထားပါတယ္။
Credit- Shwemom

Unicode

အသက် (၂၃)နှစ်အရွယ် Mauricio Ossola အမည်ရ အမျိုးသားဟာ အသက် (၉၁)နှစ်အရွယ် မုဆိုးမကြီး Yolanda Torres ကို လက်ထပ်ခဲ့သူ ဖြစ်ပါတယ်။ Torres သေဆုံးသွားချိန်မှာ ဥပဒေအရ ပင်စင်ထုတ်ယူခံစားခွင့်ကို လျှောက်ထားခဲ့ပါတယ်။ Ossola ကိုယ်တိုင်က ဥပဒေနားလည်တဲ့ ရှေ့နေတစ်ယောက် ဖြစ်ပေမယ့် သက်ဆိုင်ရာက သူ့ရဲ့ လျှောက်လွှာကို ပယ်ချခဲ့ပါတယ်။

သက်ဆိုင်ရာက သူတို့နှစ်ယောက်ရဲ့ လက်ထပ်ခြင်းကို အစစ်အမှန်မဟုတ်ဘူးလို့ ယုံကြည်ခဲ့ပြီး၊ အထူးသဖြင့် ကာယကံရှင် Ossola က ဒီလိုအဖွားအိုတစ်ယောက်ကို လက်ထပ်ခြင်းဟာ ပင်စင်ခံစားခွင့်နဲ့ သူမမှာ ကျန်ရစ်ခဲ့မယ့် အမွေပစ္စည်းတွေကို လွှဲပြောင်းရယူဖို့ ကြိုးစားခြင်းသာဖြစ်တယ်လို့ ယုံကြည်လို့ပါ။ ပင်စင်ဌာနက ဒီလို ယုံကြည်တယ်ဆိုရင်လည်း ပင်စင်ကို လွှဲပြောင်းလက်ခံမယ့် ပုဂ္ဂိုလ်ကို ဥပဒေနဲ့အညီ ငြင်းပယ်ခွင့် ရှိနေပြန်ပါတယ်။

Ossola ကတော့ သူတို့နှစ်ယောက်ရဲ့ လက်ထပ်ခြင်းဟာ အစစ်အမှန်သာ ဖြစ်ပြီး၊ ဖြူစင်သော ချစ်ခြင်းမေတ္တာတွေ ထုံးဖွဲ့နှောင်ရစ်ပြီးမှ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ကြောင်း အခိုင်အမာပြောဆိုနေပေမယ့် ပင်စင်ဌာနက ဒီပြောဆိုချက်တွေကို ထည့်သွင်း စဉ်းစားခြင်းမပြုသေးပါဘူး။ ဒါကြောင့် Ossola က တရားစွဲခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ အာဂျင်တီးနားနိုင်ငံ၊ Tres Cerritos မြို့မှာ ဖြစ်ခဲ့တာပါ။ သေဆုံးသွားတဲ့ Torres ဟာ အငြိမ်းစား ကျောင်းဆရာမကြီးတစ်ယောက် ဖြစ်ပြီး၊ ခင်ပွန်းသည် Ossola နဲ့ အသက်အားဖြင့် 68 နှစ် ကွာခြားပါတယ်။ အာဂျင်တီးနား ပင်စင်ဥပဒေအရ သေဆုံးသူရဲ့ပင်စင်ကို ညီအစ်ကိုမောင်နှမအရင်း၊ ဝမ်းကွဲ၊ တူ/တူမစတဲ့ (အိမ်ထောင်ဘက် သို့မဟုတ် သားသမီး စတဲ့ ဒုတိယတစ်ဆင့် ဆက်ခံသူမရှိပါက) ဆွေမျိုးသားချင်းတွေကို ခံစားခွင့်ပေးထားပါတယ်။
Credit- Shwemom