သတုိ႔သားေလာင္းတစ္ေယာက္ကေတာ့သူနဲ႔မၾကာမီရက္ပုိင္းအတြင္းလက္ထပ္ေတာ့မယ့္သတုိ႔သမီးေလာင္းကို အရင္ရည္းစားေဟာင္းေတြနဲ႔ဘယ္ႏွစ္ႀကိမ္ေလာက္အထိ ေမွာက္မွားခဲ့သလဲလုိ႔ ေမးခဲ့ပါတယ္။သတုိ႔သမီးေလာင္းဟာအလြန္ေဒါသထြက္သြားၿပီးသူ႕ကိုဓားနဲ႔ထုိးသတ္ခဲ့ပါေတာ့တယ္။

အသက္(၂၉)ႏွစ္အရြယ္DavidWalshဟာသူရဲ႕ ဇနီးေလာင္းCathrina ‘Tina’ Cahill နဲ႔အတူ ၾသစေတးလ်ႏုိင္ငံဆစ္ဒနီမွာေနထုိင္သူျဖစ္ၿပီး၊သူတုိ႔ခ်စ္သူႏွစ္ေယာက္မွာကေလးသုံးေယာက္ပိုင္ဆုိင္ထားပါတယ္။ဒါေပမယ့္Tina ဟာယခင္က ရည္းစားေပြ႐ႈပ္ခဲ့ပုံရၿပီး၊ ဒါကို David က မသကၤာျဖစ္ပုံရပါတယ္။

David က ” မင္းရဲ႕ အရင္ရည္းစားေဟာင္းေတြနဲ႔ စုစုေပါင္း ဘယ္ႏွစ္ႀကိမ္ေလာက္အထိ ခ်စ္တင္းေႏွာခဲ့တယ္ဆုိတာကိုငါ သိခ်င္တယ္ .. “လုိ႔ ေျပာခဲ့တာပါ။အဲဒါမွာTina နဲ႔အေျခအတင္စကားမ်ားရန္ျဖစ္ခဲ့ၾကၿပီးTinaအေနနဲ႔ဘယ္လုိမွ သည္းမခံႏုိင္ေတာ့တဲ့အဆုံး ဓားနဲ႔ထုိးသတ္ခဲ့ပါေတာ့တယ္။

Tina ဟာ ေဖေဖာ္ဝါရီ (၁၇)ရက္က လူသတ္မႈက်ဴးလြန္ခဲ့တာျဖစ္ၿပီး သူမကေတာ့ သူမကိုယ္သူမ ကာကြယ္ရင္းနဲ႔ အခုလုိ လက္လြန္ေျခလြန္ ျဖစ္ခဲ့တာလုိ႔ ဆုိပါတယ္။ ဒါေၾကာင့္ လူသတ္မႈနဲ႔ စြဲခ်က္မတင္ဖုိ႔ ေလွ်ာက္လဲခဲ့ပါတယ္။ David ဟာ ယခင္ကလည္း Tina ကုိ မၾကာခဏ စိတ္ပိုင္းဆုိင္ရာ၊ ကိုယ္ပိုင္းဆုိင္ရာ ႐ိုက္ႏွက္ႏွိပ္စက္ခဲ့တယ္လုိ႔လည္း သိရပါတယ္။

Tina ဟာ ခ်စ္သူရဲ႕ သဝန္တုိျခင္းကို အၿမဲခံရၿပီး အျပင္ထြက္တဲ့အခ်ိန္တုိင္း David က ” တစ္ျခားေယာက္်ားေတြကုိ ၾကည့္ရဲ ၾကည့္ၾကည့္ေနာ္”ဆုိၿပီး ၿခိမ္းေျခာက္ေလ့ရွိတယ္လုိ႔ ဆုိပါတယ္။ ေလာေလာဆယ္ေတာ့ တရားသူႀကီးေတြက သူမအမႈကို စစ္ေဆးေနဆဲျဖစ္ၿပီး၊ ေရွ႕ေနကေတာ့ ျပစ္ဒဏ္ေပါ့ေလ်ာ့ႏုိင္တယ္လုိ႔ ေျပာပါတယ္။

UNICODE

သတို့သားလောင်းတစ်ယောက်ကတော့သူနဲ့မကြာမီရက်ပိုင်းအတွင်းလက်ထပ်တော့မယ့်သတို့သမီးလောင်းကို အရင်ရည်းစားဟောင်းတွေနဲ့ဘယ်နှစ်ကြိမ်လောက်အထိ မှောက်မှားခဲ့သလဲလို့ မေးခဲ့ပါတယ်။သတို့သမီးလောင်းဟာအလွန်ဒေါသထွက်သွားပြီးသူ့ကိုဓားနဲ့ထိုးသတ်ခဲ့ပါတော့တယ်။

အသက်(၂၉)နှစ်အရွယ်DavidWalshဟာသူရဲ့ ဇနီးလောင်းCathrina ‘Tina’ Cahill နဲ့အတူ သြစတေးလျနိုင်ငံဆစ်ဒနီမှာနေထိုင်သူဖြစ်ပြီး၊သူတို့ချစ်သူနှစ်ယောက်မှာကလေးသုံးယောက်ပိုင်ဆိုင်ထားပါတယ်။ဒါပေမယ့်Tina ဟာယခင်က ရည်းစားပွေရှုပ်ခဲ့ပုံရပြီး၊ ဒါကို David က မသင်္ကာဖြစ်ပုံရပါတယ်။

David က ” မင်းရဲ့ အရင်ရည်းစားဟောင်းတွေနဲ့ စုစုပေါင်း ဘယ်နှစ်ကြိမ်လောက်အထိ ချစ်တင်းနှောခဲ့တယ်ဆိုတာကိုငါ သိချင်တယ် .. “လို့ ပြောခဲ့တာပါ။အဲဒါမှာTina နဲ့အခြေအတင်စကားများရန်ဖြစ်ခဲ့ကြပြီးTinaအနေနဲ့ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့အဆုံး ဓားနဲ့ထိုးသတ်ခဲ့ပါတော့တယ်။

Tina ဟာ ဖေဖော်ဝါရီ (၁၇)ရက်က လူသတ်မှုကျူးလွန်ခဲ့တာဖြစ်ပြီး သူမကတော့ သူမကိုယ်သူမ ကာကွယ်ရင်းနဲ့ အခုလို လက်လွန်ခြေလွန် ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ဒါကြောင့် လူသတ်မှုနဲ့ စွဲချက်မတင်ဖို့ လျှောက်လဲခဲ့ပါတယ်။ David ဟာ ယခင်ကလည်း Tina ကို မကြာခဏ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်းဆိုင်ရာ ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့လည်း သိရပါတယ်။

Tina ဟာ ချစ်သူရဲ့ သဝန်တိုခြင်းကို အမြဲခံရပြီး အပြင်ထွက်တဲ့အချိန်တိုင်း David က ” တစ်ခြားယောက်ျားတွေကို ကြည့်ရဲ ကြည့်ကြည့်နော်”ဆိုပြီး ခြိမ်းခြောက်လေ့ရှိတယ်လို့ ဆိုပါတယ်။ လောလောဆယ်တော့ တရားသူကြီးတွေက သူမအမှုကို စစ်ဆေးနေဆဲဖြစ်ပြီး၊ ရှေ့နေကတော့ ပြစ်ဒဏ်ပေါ့လျော့နိုင်တယ်လို့ ပြောပါတယ်။