Loading...
UNICODE
လွိုင်ကော်မြို့ရဲ့ ထူးခြားတဲ့ ဂူအကြောင်းကို အရင်းတည်ရိုက်ကူးထားတဲ့ ‘ကြတ်ဂူ’ ရိုက်ကွင်းဗီဒီယို
မြန်မာနိုင်ငံရဲ့နေရာအနှံ့အပြားမျာလျို့ဝှက်နက်နဲမှုတွေများစွာရှိပါတယ်။အဲ့လိုနေရာတွေထဲကမှကယားပြည်နယ်မှာ ရှိတဲ့ ကြတ်ဂူ လို့ခေါ်တဲ့ ဂူတစ်ခု အကြောင်းကို အရင်းတည် ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားကတော့ မကြာမီ ပရိတ်သတ်တွေဆီရောက်ရှိလာတော့မှာဖြစ်ပါတယ်။နာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ လူမင်း၊ မြင့်မြတ်၊ ထွန်းအိန္ဒြာဗိုလ်၊ အိန္ဒြာကျော်ဇင် ၊ ကျော်ထက်အောင်တို့နှင့်အတူအနုပညာရှင်ပေါင်းများစွာပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ နိုင်ငံကျော်သရုပ်ဆောင်မင်းသားတစ်ဦး ဖြစ်တဲ့ အကယ်ဒမီလူမင်းကနေပုံဖော်ရိုက်ကူးပေးထားတာဖြစ်ပါတယ်။လွိုင်ကော်မြို့မှာတည်ရှိတဲ့ကြတ်ဂူဟာဆိုရင်ထူးခြားမူတွေနဲ့ပြည့်နှက်နေတဲ့ဂူတစ်ခုဖြစ်ပါတယ်။ထိုဂူအကြောင်းကိုအရင်းခံပြီးပရိတ်သတ်ကိုရသမျိုးစုံပေးနိုင်တဲ့ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ရိုက်ကူးပုံဖော်ပြီးခဲ့ပြီဖြစ်ပါတယ်။ကြတ်ဂူဇာတ်ကားကြီးကိုတော့နိုဝင်ဘာ(၁၆)ရက်နေ့မှစပြီးမြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ရုပ်ရုံကြီးများ တဆင့် ပရိတ်သတ်တွေဆီ အရောက်ပို့ပေးမှာဖြစ်ပါတယ်။ကြတ်ဂူဇာတ်ကားကြီးမှာပါဝင်တဲ့ချစ်စရာ ကယားလူမျိုးတွေရဲ့ ရိုက်ကွင်းပေါ်က ချစ်စရာ အက ဗီဒီယိုလေးကိုလည်း တင်ပေးလိုက်ပါပြီနော်။ချစ် ပရိတ်သတ်တွေလည်း သဘောကျ နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။