Home Blog
နှီးပင်တွေရောင်းပြီးကျွေးမွေးကျောင်းထားခဲ့တဲမိခင် မုဆိုးမကြီးကို..ပျော်မဆုံးကျေးဇူးဆပ်လိုက်တဲ့သမီးလေး
0
(၆) ဘာသာဂုဏ်ထူးရှင် မအိမ့်ကလျာခိုင်သည် ၂၀၁၈- ၂၀၁၉ တက္ကသိုလ်ဝင်(၁၀) တန်းကို မုံရာမြို့ အလယ်ရပ် မစိုးရိမ်ကျောင်းတိုက် ( မစိုးရိမ် အခမဲ့ပညာဒါန) ကျောင်း တာဝန်ခံကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တ ဥတ္တရ (မဟာသဒ္ဓမ္မဇောတိကဓဇ) ဆရာတော်ဘုရား၏ မေတ္တာရိပ်ကိုခိုလှုံ ၍ ဆရာတော်ဘုရား၏ စောင့်ရှောက်မှုကိုခံယူကာ ပင်ကိုယ်ဥာဏ် နှင့် ဇွဲလုံးလ ဝိရိယ တို့ဖြင့် ဘာသာစုံဂုဏ်ထူးရှင် အောင်ပန်းကို ဆွတ်လှမ်းနိုင်ခဲ့ပါသည်။
ဒေါ်အမာ( မအိမ့်ကလျာခိုင်၏ မိခင်)ခွန်လွတ်ဈေးးအနီး ထန်းတောရပ် မုံရွာမြို့ ။ ဖုန်း-09450081505
Unicode
.နှီးအပင်တွေရောင်းပြီးကျွေးမွေးကျောင်းထားခဲ့တဲမိခင် မုဆိုးမကြီးကို..ပျော်မဆုံးကျေးဇူးဆပ်လိုက်တဲ့သမီးလေး
၂၀၁၈-၂၀၁၉ တက္ကသိုလ်ဝင် (၁၀) တန်းစာမေးပွဲ (၆) ဘာသာဂုဏ်ထူးရှင် မအိမ့်ကလျ ာခိုင်ဆေးတက္ကသိုလ်တက်နိုင်ရန် အလှူ ရှင်မျ ားလိုအပ်နေပါတယ်(၆) ဘာသာဂုဏ်ထူးရှင် မအိမ့်ကလျ ာခိုင်သည် မိခင် မုဆိုးမကြီး ဒေါ်အမာ နှင့်မုံရွာမြို့ (ဆင်ခြေဖုန်း)ထန်းတောရပ်ကွက် အခွန်လွတ်ဈေ းအနီးမှာနေထိုင်ပါသည်။
မအိမ့်လျ ာခိုင်သည် ငယ်ရွယ်စဉ် မူလတန်းကျေ ာင်းသူဘဝထဲက အလွတ်ကျေ ာင်း (ကျူ ရှင် ဝိုင်းမျ ားတွင်) မနေခဲ့ဘူး မနေနိုင်ခဲ့ပါ။မိခင်မုဆိုးမကြီးဒေါ်အမာသည်လည်း မုံရွာမြို့ အလယ်ရပ်ကွတ် ရွှေကျင်ဓမ္မာရုံကျေ ာင်းတိုက် အုတ်တံတိုင်းဘေး ဆရာတော်မျ ား၏ ခွင့်ပြုချက်ဖြင့် သင်လျေှ ာ် နှီးပင် ( ကွမ်းပင်စိုက်ရာတွင် အသုံးပြုသော) ရောင်းချစားသောက်ပြီး သမီလေး မအိမ့်ကလျ ာခိုင် (၆) ဘာသာဂုဏ်ထူးရှင်ဖြစ်အောင်နွမ်းပါးစွာ ထောက်ပံ့ရင်း ဘဝကိုရုန်းကန်ခဲ့သော အာဂသတ္တိခဲ မိခင်တစ်ယောက်ဖြစ်ပါသည်။
(၆) ဘာသာဂုဏ်ထူးရှင် မအိမ့်ကလျ ာခိုင်သည် ၂၀၁၈- ၂၀၁၉ တက္ကသိုလ်ဝင်(၁၀) တန်းကို မုံရာမြို့ အလယ်ရပ် မစိုးရိမ်ကျေ ာင်းတိုက် ( မစိုးရိမ် အခမဲ့ပညာဒါန) ကျေ ာင်း တာဝန်ခံကျေ ာင်းအုပ်ဆရာတော် ဘဒ္ဒန္တ ဥတ္တရ (မဟာသဒ္ဓမ္မဇောတိကဓဇ) ဆရာတော်ဘုရား၏ မေတ္တာရိပ်ကိုခိုလှုံ ၍ ဆရာတော်ဘုရား၏ စောင့်ရှောက်မှုကိုခံယူကာ ပင်ကိုယ်ဉာဏ် နှင့် ဇွဲလုံးလ ဝိရိယ တို့ဖြင့် ဘာသာစုံဂုဏ်ထူးရှင် အောင်ပန်းကို ဆွတ်လှမ်းနိုင်ခဲ့ပါသည်။
သို့ဖြစ်ပါ၍ ဆင်းရဲနွမ်းပါသော မိဘမှ ပေါက်ပွားလားသော ပါရမီရှင်လေး မအိမ့်ကလျ ာခိုင် ဆေးတက္ကသိုလ် တက်ရောက်ပညာသင်ယူနိုင်ရေးအတွက် တတ်နိုင်သော အလှူ ရှင်မျ ား လိုအပ်လျှက်ရှိပါသည်။ပညာပါရမီဖြည့်ဆီးကူညီလိုပါသော အလှူ့ ရှင်မျ ား ဆက်သွယ်နိုင်ပါရန်-
0
video ကြည့်ရန်
Video Source : myanmar Time
မသေခင်လှူချင်လို့ ခဏခဏမဖမ်းပါနဲ့ဆိုပြီး မျက်ရည်တွေနဲ့ပြောပြလာတဲ့ မဟာဗန္ဓုလမ်းမပေါ် ၃၂ လမ်းထိပ်က ပေါင်မုန့်သည် အဘွားအို ရဲ့ ဗီဒီယို
ဘယ်အချိန်လာဖမ်းမှာလဲဆိုပြီး စိုးရိမ်တစ်ကြီးနဲ့ မဟာဗန္ဓုလလမ်းမပေါ် ၃၂လမ်းထိပ်မှာ ပေါင်မုန့်ရောင်းနေတဲ့ ဒေါ်သန်းသန်းတစ်ယောက် ဝယ်သူကို မျှော်နေရှာပါတယ်။
မကြာသေးခင်ကာလက သူရောင်းတဲ့နေရာနဲ့ ပတ်သက်ပြီး တိုင်ကြားခံရလို့ သူ့ပေါင်မုန့်တွေ အသိမ်းခံခဲ့ရပါတယ်။သူ့အတွက် ကျောတစ်ခင်းစာအိပ်စက်ဖို့ ၊ဆေးကုသဖို့၊ ဝမ်းရေးအတွက် ဒီပေါင်မုန့်ကို သူဆက်ရောင်းမှ ရမှာပါ။
ဒါကြောင့် ငွေနှစ်သိန်းချေးယူပြီး ဒီနေရာလေးမှာပဲ ပြေးတစ်လှည့် ပုန်းတစ်လှည့် ပြန်ဖွင့်နေပါတယ်။ ဒီအကြောင်းကို Myanmar Times TV (MTTV) က ရိုက်ကူးတင်ဆက်ထားပါတယ်။ ပရိသတ်ကြီးအတွက် ပေါင်မုန့်သည် အဖွားအိုရဲ့ interview ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။
0
CRD-myanmarload
UNICODE
ယိုးဒယားစကားကို သဘောကျပါတယ် ဒါပေမယ့် နှာသံနဲ့မပြောတတ်ဘူးဆိုတဲ့ ထူးအောင်ရဲ့ ဗီဒီယို
ထူးအောင်ကတော့ သူရဲ့ အမိုက်စားbodyတွေကြောင့် မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိနေတဲ့ အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ထူးအောင်ကတော့ ပရိသတ် မော်ဒယ်တစ်ယောက်ပီပီ ကိုယ်ခန္တာကြံခိုင်သန်စွမ်းမှုမှာလည်း လေ့ကျင့်ခန်းတွေကို စနစ်တကျလုပ်ဆောင်ထားခဲ့သူမို့ အားကျရတဲ့ Body ကို ပိုင်ဆိုင်ထားသူလဲဖြစ်ပါတယ် ။
ပရိသတ်တွေ ချစ်ခင်ရတဲ့ ထူးအောင် ကတော့ အနုပညာလောကထဲက မျိုးဆက်သစ်မော်ဒယ် သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေတဲ့ ထူးအောင်ကတော့ ကြော်ငြာတွေကိုလဲ ရိုက်ကူးနေခဲ့သလို ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလဲ စတင်ရိုက်ကူးနေတဲ့ အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။
ထူးအောင်ကတော့ ” ယိုးဒယားစကားကို သဘောကျပါတယ် ဒါပေမယ့် နှာသံနဲ့မပြောတတ်ဘူး ကျွန်တော် Gym ကို လာဆော့ခိုင်းတာမဟုတ်ပါဘူး နီးစပ်ရာ Gym မှာ ဆော့လို့ရတယ် ကျန်းမားရေးအရ တိုက်တွန်းပြီး ဆော့စေချင်တာပါ..ကိုယ် ကျန်းမာမှ ကိုယ်လုပ်ချင်တဲ့ အလုပ်တွေ လုပ်နိုင်မယ်….. ” ဆိုပြီး ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါဗီဒီယိုလေးကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။
CRD-myanmarload
0
CRD-Myanmar Load
UNICODE
သီလရှင်တွေဆို လူတွေက အထင်သေးကြတယ် အထင်သေးတဲ့ ပုံမျိုးတော့ မကြိုက်ဘူး အဲတာလေး ခံစားရတယ်ဆိုတဲ့ ပိုပိုရဲ့ဗီဒီယို
ပိုပိုကတော့ အောင်မြင်ခဲ့တဲ့ အဆိုတော်တွေထဲမှာတစ်ယောက်အပါအဝင်ဖြစ်ပြီး အောင်မြင်မှုပေါင်းများစွာကို ဆွတ်ခူးထားနိုင်တဲ့ ပရိသတ်တွေရဲ့ အချစ်တော် အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ပိုပိုကတော့ သူရဲ့ အဆွေးသီချင်းတွေ အချစ်သီချင်းတွေဟာ ဆယ်ကျော်သက်လူငယ်တွေကြားမှာ အတော်လေးကို ရေပန်းစားနေတဲ့ အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။
ပိုပိုရဲ့ သီချင်းလေးတွေဟာ ယနေ့ချိန်ထိ နားထောင်လို့ ကောင်းနေဆဲဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေတဲ့ အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ပိုပိုကတော့ ပရိသတ်တွေရဲ့ အခိုင်အမာရရှိထားတဲ့ အနပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ ပိုပိုကတော့ သူမရဲ့ မွေးနေ့လေးမှာ သီလရှင်ဝတ်ခဲ့တာဖြစ်ပါတယ်။
ယနေ့မှာတော့ ပိုပိုဟာ “သီလရှင် ဝတ်တုန်းက အတွေ့အကြုံ တစ်ခုရှိခဲ့တယ် သီလရှင်တွေဆိုရင် လူတွေက အထင်သေးကြတယ် သီလရှင်တွေကို အထင်သေးတဲ့ ပုံမျိုးတော့ မကြိုက်ဘူး အဲတာလေးတော့ ခံစားရတယ် ကတုံးနဲ့ဆိုတော့ အဝတ်အစား ဝတ်ရတာ တိုင်ပတ်တယ် အရမ်းကြီး မိန်းမဆန်တဲ့ အဝတ်အစားတွေ ဝတ်လို့မရတော့ဘူး… ” ဆိုပြီးtvမှာဖြေကြားပေးခဲ့ပါတယ်။ ချစ်ပရိသတ်တေအတွက် အဆိုပါဗီဒီယိုလေးကို အောက်မှာဖော်ပြပေးထားပါတယ်။
CRD-Myanmar Load
0
ယူနီကုဒ်ဖြင့်ဖတ်ရန်
” မင်္ဂလာမဆောင်ဘဲSingle Mom ဖြစ်တာကို ဂုဏ်ယူနေသေးတယ်လို့ဝေဖန်တိုက်ခိုက်တဲ့သူတွေကို လိမ်မာပါးနပ်စွာတုံ့ပြန်လိုက်တဲ့ အေသင်ချိုဆွေ “
အေသင်ချိုဆွေကတော့ ဆယ်ကျော်သက်လောက်တည်းက ပရိသတ်ပါးစပ်ဖျားမှာရေပန်းစားခဲ့တဲ့ သီချင်းတွေထဲက အဆိုရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အောင်မြင်တဲ့အဆိုရှင်တစ်ယောက်ဖြစ်တဲ့အပြင် ပရိသတ်တွေချစ်ခင်အားပေးခံခဲ့ရတာပဲ ဖြစ်ပါတယ် ။နှစ်အနည်းငယ်လောက်အနုပညာအလုပ်တွေမလုပ်ပဲပျောက်ကွယ်သွားပေမယ့် Single Mother အဖြစ်ရဲရဲဝံ့ဝံ့ ပရိသတ်တွေရှေ့ ပြန်ရောက်လာခဲ့ပြီး အနုပညာအလုပ်တွေကိုကြိုးကြိုးစားစားပြန်လုပ်နေတာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ သမီးလေးကိုပိုင်ဆိုင်ထားပြီး ပရိသတ်တွေကလည်း သည်းသည်းလှုပ်ချစ်ပေးကြတာပဲ ဖြစ်ပါတယ်။အနုပညာလှုပ်ရှားမှုနဲ့ နေ့စဉ်လှုပ်ရှားမှုများ အပြင် စိတ်ခံစားချက်များကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြလေ့ရှိသူပဲ ဖြစ်ပါတယ်။
လတ်တလောမှာတော့ သူမကို Single Mother ဖြစ်တာနဲ့ပတ်သတ်ပြီး ဝေဖန်တိုက်ခိုက်ပြောဆိုနေကြတာပဲ ဖြစ်ပါတယ်။ ဝေဖန်တိုက်ခိုက်သူတွေကို “တခါကအစ်ကိုတစ်ယောက်ဥပမာပေးပြီးဆုံးမတဲ့ ရှင်ဘုရင်နဲ့ စားတော်ကဲ ပုံပြင်လိုပဲ။ဘာမဟုတ်တဲ့ စားတော်ကဲ ရဲ့ စကားတွေကိုယုံကြည်စိတ်ချမိခဲ့တဲ့ အတွက် အစတည်းက အတွေ့အကြုံရှိပြီး ခံယူချက်ပြင်းထန်တဲ့တိကျသေချာပြီး ပြောပြီးဖြစ်အောင်လုပ်ပေးနိုင်တဲ့ အပေါ်ယံ `လေ´မဟုတ်ဘဲ လေးလေးနက်နက်စိတ်နှစ်ထားပေးနိုင်မ့ယ့်လူမျိုးတွေနဲ့ပဲ အလုပ်တွဲလုပ်ခဲ့ရမှာ။ကိုယ့်ကလမ်းလျှောက်ရင်း လမ်းပျောက်နေပါတယ်ဆိုမှ လမ်းပြနဲ့ မတွေ့ပဲ ဘယ်နှယ့် သောက်ကျိုးနည်း နဲ့မှတိုးတယ်။ဒါလည်းငါသောက်သုံးမကျတာပါ။ယုံလွယ်တတ်တဲ့သောက်ကျင့် ။
မပြတ်သားနိုင်တဲ့သောက်ကျင့် ။လေ့လာမှုအားနည်းတဲ့သောက်ကျင့်။ကိုယ့်ထက် အရိုန်အဝါကြီးတဲ့ လူတွေဆီ ချည်းကပ်ဖို့ ကြောက်တဲ့ သောက်ကျင့်။ပြောရင် ကုန်မှာမဟုတ်ဘူး။ပြီးတော့ ကျွန်မကို မင်္ဂလာမဆောင်ဘဲSingle mom ဖြစ်တာကို ဂုဏ်ယူနေသေးတယ် စသဖြင့်ပေါ့။သူတို့ သုံးတဲ့ အသုံးအနှုန်းကဒီထက်ရိုင်းပါတယ်။ ပြောနေ ရေးနေကျတဲ့ အမျိုးသမီးများအားလုံးကိုလည်း တခုလောက်ပြောပါရစေ။IDGAF ( I don’t give a fuck ) သင်တို့သာ တန်ဖိုးရှိတဲ့ မိန်းမကောင်းများဖြစ်ကြပါစေ။” ဆိုပြီး ဝေဖန်သူတွေကိုတုံ့ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရော အေသင်တို့သားအမိကိုချစ်ရင် အားပေးစကားပြောသွားပါဦးနော်။
Source : Athen Cho Swe,CRD-khin@CeleGabar
0
UNICODE
သာမည ဆရာတော်ဘုရားကြီး၏ မုဆိုးရွှေအိုးရကိန်းအချိန် နဲ့ အစွမ်းထက် ဂါထာတော်
သာမ ညဆရာတော်ဘုရားကြီး ချီးမြှင့်ခဲ့သော ပုတီးစိပ်နည်း”သာမညဆရာတော် ဘုရားကြီးချီးမြှင့်ခဲ့သော အချိန်အခါ ရွေးနည်းတွင် နေ့တစ်နေ့ကို အချိန်အပိုင်းအခြားအလိုက် ကောင်းသောအချိန်နှင့် မကောင်းသောအချိန် အကြမ်းဖျင်းခွဲခြားထားပါသည်။ငွေကြေးဓနနှင့် ဆိုင်သော စန်းနက္ခတ်တို့ ဖြစ်ထွန်းအားကောင်းသော မုဆိုးရွှေအိုးရကိန်းအချိန်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။
တနင်္ဂနွေနေ့တွင် နံနက် ၁ဝနာရီ ၄၉မိနစ်မှ နေ့လည် ၁နာရီ ၁၂မိနစ်အတွင်း တနင်္လာနေ့တွင် နေ့လည် ၁နာရီ ၁၃မိနစ်မှ ညနေ ၃နာရီ၃၆ မိနစ် အတွင်း အင်္ဂါနေ့တွင် ညနေ ၃နာရီ ၃ရမိနစ်မှ ညနေ ၆နာရီအတွင်း ဗုဒ္ဓဟူးနေ့တွင် နံနက် ၆နာရီမှ နံနက် ၈နာရီ ၂၄မိနစ်အတွင်း ကြာသာပတေးနေ့တွင် နံနက် ၈နာရီ ၂၅မိနစ်မှ နံနက် ၁ဝနာရီ ၄၈မိနစ်အတွင်း သောကြာနေ့တွင် နံနက် ၁ဝနာရီ ၄၉မိနစ်မှ နေ့လည် ၁နာရီ ၁၂မိနစ်အတွင်း စနေနေ့တွင် နေ့လည် ၁နာရီ ၁၃မိနစ်မှ ညနေ ၃နာရီ ၃၆မိနစ်အတွင်း စိပ်ရမည့် ဂါထာ ဥုံ အရဟံ လာဘံ သိဒ
ဂါထာကို မုဆိုးရွှေအိုးရကိန်း အချိန်များအတွင်း 108လုံး ပုတီးဖြင့် ၃ပတ်စိပ်ပါ။ခုနှစ်ရက်ပြည့်အောင် စိပ်ပါ ငွေကြေးနှင့်ပတ်သက်၍ လာဘ်ပိတ်သူကို လာဘ်ပွင့်စေသည်။အလုပ်အကိုင် အဆင်ပြေစေသည်။ ဈေးရောင်းဈေးဝယ်၍ ကောင်းစေသည်။ အလုပ်အတွင်း အတိုက်အခံ အနှောက်အယှက် ကင်းစေသည်။ ရာထူးတိုးတက်စေသည်။ မိမိအလိုရှိရာ ဆုတောင်း၍ ပုတီးစိပ်နိုင်ပါသည်။
0
CRD-Nanmalgyi
UNICODE
အဆိုပြိုင်ပွဲပြိုင်တိုင်းချစ်ရတဲ့သူတွေ ဆုံးရှုံးရတဲ့အကြောင်းပြောလာတဲ့ ပန်ပန်ကြေးမုံ
The Voice Myanmar 2019 ခုနှစ် Season 2 ရဲ့ ပရိသတ်တွေအချစ်ဆုံးပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပြီး အဆိုကောင်းကောင်းနဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ ပန်ပန်ကြေးမုံကို တော့အားလုံး သိကြမှာပါ။ သူနဲ့ပေါ်ပြူလာဂျာနယ်နဲ့အင်တာဗျူးမှာ The Voice ပြိုင်ပွဲဝင်နေတုန်းက ကြုံခဲ့ရတဲ့ ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုကိုပြောပြသွားခဲ့ပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကိုပရိတ်တွေသိရအောင်ပြန်ပြောပြပေးလိုက်ရပါတယ်။
ပန်ပန်ကြေးမုံက “စိတ်ထိခိုက်ဝမ်းနည်းနေတာဆိုတာကတော့ မောင်နှမတွေကတော့အကုန်လုံးကချစ်ကြတဲ့မိသားစုတွေများတာပေါ့။ ဒါပေမယ့်အစ်မတို့မှာကျတော့ အဖေက ၂၀၁၀မှာဆုံးသွားတယ်။ အိမ်မှာက ယောက်ျားသားရယ်လို့အားကိုးစရာ အစ်ကိုပဲရှိတာလေ။ အဲ့ဒါကြောင့် တစ်ခုခုဆိုရှင် အိမ်မှာက မပန်ကနည်းနည်းယောက်ျားလေးဆန်တယ်ဆိုတော့ တစ်ခုခုအိမ်မှာတစ်ခုခုဆိုရင် အားကိုးစရာ အစ်မပဲကျန်တယ် ။အဲ့ဒီကျတော့ ဘယ်လိုဖြစ်နေသလဲဆိုတော့ ကိုကြီးဆုံးသွားတဲ့အချိန်မှာ အစ်မဒီတစ်ခေါက် ဒီမှာ ရီဟာဇယ်လာတိုက်ရတဲ့အချိန်မှာ ကိုကြီးက ဆေးရုံတင်ထားရတယ်။ အစ်မက၇ရက်နေ့လာတယ် ကိုကြီးက ၈ရက်နေ့ခွဲရတယ်။ ခွဲတော့ကြားထဲမှာသူအခြေအနေသိပ်မကောင်းဘူးပေါ့နော်။ မျောနေတယ်ဆိုတော့ ၁၄ရက်နေ့မှာ အင်တာဗျူးဖြေရမှာတွေဘာတွေကို ခဏရပ်ပြီးတော့ မန္တလေးကိုခဏပြန်ပြေးရတယ် ။အသက်မီအောင်ပေါ့နော် ပြေးတဲ့အချိန်မှာလည်း အစ်မဝမ်းနည်းတာပေါ့လေဖြစ်နိုင်ရင်တော့ အိမ်ထဲမှာပဲငိုနေချင်တာပေါ့ ။
ဘာဖြစ်လို့လဲဆိုတော့ အစ်ကိုဆုံးထားတာလည်းမနေ့ကမှရက်လည်ထားတာဆိုတော့ ။ ဒါပေမယ့် အစ်မပြန်စဉ်းစားတယ် ။ သွားတဲ့သူကတေ့ာ သွားပြီ အစ်မကထိုင်ငိုနေတော့လည်း အစ်မတို့အမေတို့နောက်မပန်ရဲ့အစ်မရယ်ဆိုတော့ သူတို့ရှေ့မှာ အစ်မအရမ်းလည်း ပြိုလဲနေလို့မရဘူး ပြီးတော့ မပန်ကို မျှော်လင့်နေတဲ့ အားပေးနေတဲ့ သူတွေ အကုန်လုံးကလည်း Facebookတွေ မှာလည်းအားပေးတယ် ဖုန်းနဲ့လည်းအားပေးတယ် ။သူတို့တွေအစ်မကို စိတ်အားငယ်သွားမှာ အားလျော့သွားမှာကြောက်တယ်။ ကိုယ့်စိတ်နဲ့ကိုယ်ဆိုရင်တော့ ဝမ်းနည်းနေတာပေါ့နော်။ ဒါပေမယ့်လည်း ဆက်သွားရမှာပဲ ။လူဆိုတာက ဒါကမမျှော်လင့်ဘဲဖြစ်သွားတယ်ဆိုတော့ ။
မပန်က ၂၀၁၁မှာ Melody World ဝင်ပြိုင်တယ်ဆိုတော့ အစ်မအဖေဆုံးပြီးပေါ့နော်။ အိမ်ကအမေနဲ့အဖေမှာက အဖေက နည်းနည်းအေးတယ်လေ အေးရာအေးကြောင်းပဲနေတာ ။ အဲ့ဒီခါကျတော့ အစ်မကရန်ကုန်ကိုသွားမယ် တစ်ယောက်တည်းသွားပြိုင်မယ်ဆိုတဲ့အချိန်မှာ ငါ့သမီးက အဆက်သွယ်လည်းမရှိဘူးကျောထောက်နောက်ခံလည်းမရှိဘူး ။ ပြီးတော့ အစ်မတို့မိသားစုကလည်းဝန်ထမ်းဖြစ်တဲ့အခါကျတော့ သိပ်ပြီးတော့ Supporting မပေးနိုင်ဘူး ။ အဲ့ဒါကြောင့်မပြိုင်ပါနဲ့လို့တော့ အစ်မအဖေကပြောတယ်။ ၂၀၁၀ အဖေဆုံးသွားပြီး နည်းနည်းလည်း စိတ်ထိခိုက်နေတဲ့အချိန်မှာ အစ်မ Melody ကိုဝင်ပြိုင်ဖြစ်တယ်ပေါ့ ။ အခုက အစ်မတို့ဝင်ပြိုင်တဲ့အချိန်မှာ အိမ်ကအစ်ကိုမှာ ရောဂါရှိနေတယ်ဆိုလည်းမသိဘူး ။ပြိုင်တော့အစ်မတို့အစ်ကိုကလည်းအရမ်းအားပေးတယ်။ အခုသူ့ဆိုရင်ဆေးရုံတက်ရတယ်ပေါ့နော် ။ Resultတွေထွက်လာတယ် အစ်မကိုမပြောခိုင်းဘူး သူ့ဘာသာပြိုင်ပါစေ သွားပါစေ သူ့ကိုနောက်ဆံတင်းအောင်မလုပ်နဲ့ ဆိုပြီးအမေ့ကိုတားခဲ့တာ”ဆိုပြီးပြောပြသွားခဲ့ပါတယ်။
0
Photo – ဝတ်မှုံရွှေရည်၊ We Love Kit,CRD-Myanmarload
UNICODE
ဇာတ်ကားရိုက်ဖို့အတွက် ကိုရီးယားကို ရောက်ရှိနေပြီဖြစ်တဲ့ ပြည်သူ့အသည်းကျော်လေး ရွှေကစ်
ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ ပြည်သူ့အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ အနုပညာလောကမှာ ထိပ်တန်းကနေ ရပ်တည်နေပြီး ချစ်စဖွယ်ပုံရိပ်လေးတွေနဲ့ အမြဲဖမ်းစားထားသူလေးပါ..။
အောင်မြင်ကျော်ကြားတဲ့ ပြည်သူ့အသည်းကျော်လေးတွေ ရွှေကစ်ကတော့ နှစ်နိုင်ငံပူးပေါင်း ဇာတ်ကားတွေဆက်တိုက်ရိုက်ကူးနေပြီး အခုတစ်ခါမှာလည်း မြန်မာ-ကိုရီးယား နှစ်နိုင်ငံပူပေါင်း ဇာတ်ကားဖြစ်တဲ့ “တိမ်တွေပေါ်က ပန်း” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်..။
ပြည်သူ့အသည်းကျော်လေး ရွှေကစ်ကတော့ လတ်တလောမှာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်နော်..။
မကြာမှီရိုက်ကူးတော့မယ့် “တိမ်တွေပေါ်က ပန်း” ရုပ်ရှပ်ရှင်ဇာတ်ကားကြီးအတွက် ရွှေကစ်လေးအပြင် ဒါရိုက်တာဇင်ရော်မောင်မောင်နဲ့ သားဖြစ်သူ လင်းသန့်မောင်မောင် တို့ကလည်း လတ်တလောမှာ ကိုရီးယားနိုင်ငံကို ဇာတ်ကားရိုက်ကူးရေးအတွက် ရောက်ရှိနေကြတာပါ..။
သူမရဲ့လှုပ်ရှားမှုလေးတွေကို အမြဲမျှဝေလေ့ရှိသလို ကိုရီးယားကို ရောက်ရှိနေပြီဖြစ်တဲ့ အကြောင်းလေးနဲ့ ကိုရီးယားမှာ နှစ်ပတ်ကြာ နေမှာဖြစ်တဲ့ အကြောင်းလေးကိုလည်း ရွှေကစ်လေးက ချစ်ပရိသတ်တွေကိုလည်း အသိပေးပြောပြထားပါသေးတယ်..။
ချစ်စရာကောင်းလွန်းတဲ့ ရွှေကစ်လေးရဲ့ ပုံရိပ်လေးတွေနဲ့ ကိုရီးယားအနုပညာုရှင်တွေနဲ့ အတူ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် အလွမ်းပြေလေး ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။
0
CRD-MOMOLAY
UNICODE
အရမ်းကြမ်းတဲ့ “နင့်ရဲ့” သီချင်း MV နဲ့ မိတ်ဆက်ပေးလာတဲ့ ဆိုဖီယာ
Myanmar Idol Season 1 မှာ ပြိုင်ပွဲဝင် တစ်ဦးအဖြစ်ပါဝင်ယှဉ်ခဲ့ရာမှာ အနုပညာလမ်းကြောင်း ပေါ်ရောက်ရှိလာတဲ့ Sophia ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ နိုင်ငံကျော် အဆိုတော်တစ်ဦးပါ။ သူမက ပြိုင်ပွဲမှာ ဆုမရခဲ့ပေမယ့် ခုလက်ရှိ မှာတော့ သူမက လူငယ်ပရိသတ်တွေကြားမှာ အမိုက်စား သီချင်းတွေ သီဆို ရင်း နာမည်ကြီးပြီး အောင်မြင်မှု လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတဲ့ နာမည်ကြီး အဆိုတော် တစ်ဦးဖြစ်နေပြီပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ပရိသတ်ကြီးအတွက် လူမူ့ကွန်ယက်မှာ နာမည်ကြီးနေတဲ့ Sophia ရဲ့ အမိုက်စားပုံရိပ်ကလေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။
အဆိုတော် Sophia က သူမရဲ့ သီချင်းအသစ် လေး တွေကို ပရိသတ်တွေဆီချပြရင်း အနုပညာအလုပ်တွေ ကြိုးစားလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။
ဒီတစ်ခါမှာတော့ Sophia က MRTV 4 မင်းသားလေး မိုးသူရ နဲ့အတူ ရိုက်ထားတဲ့ အတွဲပုံလေး တစ်ပုံကို သူမရဲ့ ဖေစ်ဘွတ်ပေါ်မှာ ဖော်ပြထားတာပဲ ဖြစ်ပါတယ်။
အဆိုတော်မလေး Sophia တို့ရဲ့ အမိုက်စား ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
CRD-MOMOLAY
0
CRD-THUTA ZONE
UNICODE
သိန်းတစ်သောင်းခွဲ ကံထူးရှင်မိသားစုမှ မွေးရပ်မြေ ရွာဦးကျောင်း ဆရာတော်ထံသို့ ကားသွားရောက်လှူတန်းစဉ်
သိန်းတစ်သောင်းခွဲ ကံထူးရှင်မိသားစုမှ မွေးရပ်မြေ ရွာဦးကျောင်း ဆရာတော်ထံသို့ ကားသွားရောက်လှူတန်းစဉ် ….
သိန်းတစ်သောင်းခွဲ ကံထူးရှင်မိသားစုမှ မွေးရပ်မြေ ရွာဦးကျောင်း ဆရာတော်ထံသို့ ကားသွားရောက်လှူတန်းစဉ် …..
CRD-THUTA ZONE
Recent Posts